Our Profile

YumeYuki Co., Ltd အား ၂၀၁၇ ခုနှစ်၊ ၁၀လပိုင်း၊ ၁၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကာ ကုမ္ပဏီ မှတ်ပုံတင်အမှတ်မှာ ၃၃၁၇/ ၂၀၁၇-၂၀၁၈ ဖြစ်ပြီး (YumeYuki Japanese Language School ) အား ဖွင့်လှစ်ထားခဲ့ပါသည်။

YumeYuki Co.,Ltd သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြု လိုင်စင်ရရှိထားသော ကုမ္ပဏီတစ်ခု ဖြစ်သလို မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ အသင်းဝင်လည်း ဖြစ်ပါသည်။

ဆက်လက်ပြီး ပြည်ပအလုပ်အကိုင်နဲ့ ပတ်သတ်ပြီး လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများအတွက် Code Of Conduct ထိုးထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါသည်။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင်အမှတ်ကို ဖေဖော်ဝါရီလ ၄ ရက် ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့ပြီး လိုင်စင်အမှတ် ၀၂၉/၂၀၁၉ ဖြင့် ဂျပန်၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသူများအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်၊၊

အထူးသဖြင့် ဂျပန်နိုင်ငံသို့ Work Permit Visa, Training Visa, Tokutei Ginou Visa ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသည့် လူငယ်၊ လူရွယ်များကို ဂျပန်ဘာသာ စာ၊ စကားအား ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းအောင် သင်ယူစေပြီး အလုပ်အကိုင် အခွင့်အလမ်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အားသွန်ခွန်စိုက် စီစဉ်ဆောင်ရွက်ပေးနေပါသည်။

YumeYuki Co.,Ltd (Overseas Employment Agency) အနေဖြင့်လည်း ပြည်ပအလုပ်အကိုင်များကို ဖန်တီးဆောက်ရွက်ပေးရာတွင် အလုပ်သွားရောက် လုပ်ကိုင်လိုသည့်သူများအား Medical Check up (ဆေးစစ်ဆေးခြင်း) ကို အရင်ဦးဆုံး ပြုလုပ်စေပြီးမှသာ အလုပ်အကိုင်များနှင့် မိတ်ဆက်ပေးပါသည်။ ထို့အပြင် လုပ်ကိုင်ရမည့် အလုပ်၊ လုပ်ခလစာ  လုပ်ကိုင်ရမည့်နေရာ အသေးစိတ်ကို ရှင်းလင်းအသိပေး ပြောကြားပြီး ကာယကံရှင်အနေဖြင့် အလုပ်လုပ်ကိုင်ရန် သွားရောက်လိုသည့် စိတ်ဆန္ဒ သဘောထားရှိမှသာ ပြည်ပအလုပ်အကိုင်များနှင့် စီစဉ် ဆောက်ရွက်ပေးပါသည်။

Job Opportunity

YumeYuki Co.,Ltd မှ ဂျပန်၊ စင်ကာပူ၊ မလေးရှား စသည့် ပြည်ပနိုင်ငံများသို့ အလုပ် သွားရောက် လုပ်ကိုင်လိုသူများ အတွက် စက်ရုံအလုပ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ သက်ကြီးရွယ်အို ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများ စသည့် အလုပ်အကိုင်များစွာကို ရှာဖွေပြီး စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ YumeYuki Co.,Ltd (Overseas Employment Agency) အနေဖြင့်လည်း နိုင်ငံသူ/နိုင်ငံသားများ နှင့် လူငယ်လူရွယ်များကို ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေရန်နှင့် ကောင်းမွန်သော လုပ်ခ၊ လစာများနှင့် မြင့်မားသော နည်းပညာများပါ တစ်ပါတည်း ဆည်းပူးနိုင်စေရန်အတွက် ကြိုးကြိုးပမ်းပမ်း ဆောက်ရွက်နေပါသည်။

ဂျပန်နိုင်ငံသည် စည်းကမ်းရှိသော၊ အချိန်တိကျသော၊ အလုပ်လုပ်ရာတွင် တိကျသေချာစွာ တာဝန်ယူ တတ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

ထို့အတူ YumeYuki ကျောင်းသည် ကျောင်းသားများအနေဖြင့် ဂျပန်စကားတစ်ခုတည်းကိုသာမက ဂျပန်၏ ဓလေ့ထုံးစံများကိုသိရှိပြီး ပိုမိုကောင်းမွန်သောအမူအကျင့်များ ပိုင်ဆိုင်စေရန်အတွက် ရည်ရွယ်လေ့ကျင့် သင်ကြားပေးနေပါသည်။

ဂျပန်သည် လုပ်ငန်းခွင်အတွင်း တိကျစွာဆောင်ရွက်တတ်မှု၊ ကျင့်ဝတ်ရှိမှုစသည့်ဂုဏ်ပုဒ်တို့ကို ထိန်းသိမ်း ထားသော ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်ပါသည်။

ထိုကဲ့သို့နိုင်ငံများတွင် အလုပ်သွားလုပ်မည့်သူများမှာ ဂျပန်စကားတစ်ခုတည်း ပြောနိုင်ရုံနှင့် မလုံလောက်ပါ။ နိုင်ငံရပ်ခြားရှိ တိကျကောင်းမွန်သောအမူအကျင့်များနှင့် လိုက်ဖက်ညီရန် မသွားခင်ကပင် ပြင်ဆင်လေ့ကျင့်ထားသင့်ပါသည်။ ဤအချက်များကိုရှေးရှုပြီး YumeYuki ကျောင်းသည် အလုပ်ရှာဖွေသူများ လိုအပ်မည့် အရည်အသွေးမြင့်လေ့ကျင့်မှုများကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

လုပ်ငန်းခွင်ဝင်ရောက်သည့်အချိန်တွင် မိမိလုပ်ဆောင်ချက်ကိုအလုပ်ရှင်သဘောကျပါက အလုပ်ခွင်တွင် နေပျော်မည်ဖြစ်၍  ပိုမိုအရေးကြီးသောစီမံကိန်းများကို တာဝန်ယူလုပ်ဆောင်ချင်စိတ်ရှိလာမည်ဖြစ်ပါသည်။ အလုပ်ခွင်တွင် အဆင်မပြေပါက အလုပ်တစ်ခုပြီးတစ်ခု ပြောင်းချင်လာမည်ဖြစ်သည်။ ထို့ကြောင့်တည်ငြိမ်သည့် အလုပ်တစ်ခုတွင်ရေရှည်အောင်မြင်မှု ရရှိနိုင်မည့်အလေ့အကျင့်ကောင်းများကို YumeYuki တွင် သင်ကြားပြသ ပေးလျက်ရှိပါသည်။

  • အေဂျင်စီအလုပ်တစ်ခုတည်းမဟုတ်ဘဲ ဂျပန်သင်တန်းကျောင်းကိုပါတွဲဖက်ဖွင့်လှစ် ထားသောကြောင့် အလုပ်ရှာသူများအတွက် လုပ်ငန်းခွင်တွင်လက်တွေ့ကျသောနည်းစနစ်များကို လေ့ကျင့်သင်ကြားပေးနိုင်ခြင်း။
  • ပြည်ပအလုပ်အကိုင်များကို ၅နှစ်တိုင်တိုင် စဥ်ဆက်မပြတ် ရှာဖွေပေးနေသော အေဂျင်စီဖြစ်ခြင်း။
  • ဂျပန်နိုင်ငံသို့လာရောက်ရန် ရွေးချယ်ခံထားရသူများအားလုံး အဆင်ပြေချောမွေ့စွာ COE ရရှိနိုင်ရန် စာရွက်စာတမ်းများပြင်ဆင်ပေးနိုင်ခြင်း။
  • ဂျပန်သို့ရောက်ရှိကာ အလုပ်လုပ်ကိုင်နေသူများကိုလည်း မိမိအလုပ်တွင် စွဲစွဲမြဲမြဲလုပ်နိုင်စေရန် သဘောတူညီမှုများရယူပေးထားနိုင်ခြင်း

အလုပ်ရှာဖွေနေသောမြန်မာနိုင်ငံသားများ အလုပ်ရသကဲ့သို့ ဂျပန်နိုင်ငံ၏လုပ်သားအင်အားရှားပါးမှု ပြဿနာ များကိုလည်း ဖြေရှင်းနိုင်ခြင်းကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေစေပါသည်။ တာဝန်ယူမှုအပြည့်ရှိကာ စေတနာအရင်းခံဖြင့် ဝန်ဆောင်မှုပေးနေသော ထိုကဲ့သို့ YumeYuki အေဂျင်စီကို အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် လက်တွဲလုပ်ဆောင်သင့်သည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။

Training Center

Meeting At Singapore